အလေ့ကျပေါက်ပင်
ငါဟာအလေ့ကျပေါက်ပင်ပေါ့…
နေရာဒေသနဲ့ပတ်ဝန်းကျင်မရွေး
အချိန်အခါနဲ့ရာသီမရွေး.ငါရှင်သန်နိုင်ပါတယ်
ဒါပေသိ.ငါဟာ
ယိုင်နဲ့မှု၊အားငယ်မှုတွေနဲ့ပါ၊စိတ်ပျက်ခါးသက်မှုတွေရောပေါ့
ကိုယ်မနှစ်သက်.လက်မခံခဲ့ပေမဲ့လည်း
နေသားတကျဆိုတာကြီးနဲ့ပျော်မွေ့နေသူ
မလိုချင်လို့ပစ်ချထားခဲ့တဲ့.ယိုဖိတ်မှုတွေအောက်ဓားစားခံအဖြစ်နဲ့
နေရာ၊ကျရာမှာပျော်နေတတ်သူ
ပိုင်ဆိုင်ခြင်းဆိုတာဘာလဲငါမသိဘူး
လိုက်ဖက်ညီခြင်းဆိုတဲ့စကားလုံးငါ့အတွက်မဟုတ်ဘူး
ငါဟာ.
အခိုက်အတန့်တစ်ခုစာအတွက်ပဲမောက်မာကြွားဝါခွင့်ရှိနေသူ
ခြစားနေတဲ့ငါ့ရဲ့မွေးရာပါမာနတွေကို
အရောင်တွေချွတ်ချွတ်ကြည့်နေမိတာ.
ငတ်မွတ်မှုတွေလောက်တောင်သူတို့…တန်ဖိုးမရှိ.အသုံးမကျတော့ဘူးလေ
ငါ့နွေတွေကတခြားသူတွေထက်ပိုပူလောင်ခဲ့လည်း
တမိုးလုံးချုံးချုံးချပြိုလဲသွားတာတောင်..ငါတုံနိဘာဝေလုပ်တတ်ခဲ့လည်း
အသည်းကွဲရာသီတွေအထပ်ထပ်ပေးဆပ်ကာဖြတ်ကျော်ခဲ့လည်း….
တကယ်တော့…ငါဟာအလေ့ကျပေါက်ပင်……..တစ်ပင်ပါပဲ
……………………..
……………………..
လေးစားစွာဖြင့်
ဏီ(န်)ကင်း

လိုက်ဖက်ညီခြင်းဆိုတဲ့စကားလုံးငါ့အတွက်မဟုတ်ဘူး
ဆိုတဲ့ စကားကို အလေ့ကျပေါက်ပင်တစ်ယောက်က မပြောပါနဲ့
သူလဲ မြေကြီးနဲ့တော့ ပနံရတာပဲလေ
ခြစားနေတဲ့ငါ့ရဲ့မွေးရာပါမာနတွေကို
အရောင်တွေချွတ်ချွတ်ကြည့်နေမိတာ.
အဲ့လိုတွေ ကြည့်လို့ မှေးနေတာပေါ့… မကြည့်နဲ့ ဒီတိုင်းထားလိုက်..း)
ကဲ…မကျေနပ်ချက် အရောင်တွေ ယိုဖိတ်လို့ပါလား…