Test for Tech

မနေ့ညက Test တခုလုပ်လိုက်တယ်… ဘာကြောင့်လဲဆိုတော့

ကျွန်တော်ကဘလောက်ဆိုတဲ့ဟာကြီးကိုမဖြစ်စလောက်ရေးတယ်ပေါ့။စခါတုန်းတော့ဒီလိုပဲပေါ့ပေါ့ပါးပါးတွေးတယ်.

ကဗျာယောင်ယောင်၊စာယောင်ယောင်တွေကိုစာအုပ်ထဲထည့်ရေးထားရင်ပျောက်ပျက်ကုန်မှာစိုးလို့

အင်တာနက်ပေါ်တင်ထားပြီးပျော်ပျော်ပါးပါးသိမ်းထားတဲ့သဘောမျိုးပါပဲ။

အဲ…သိမ်းထားလောက်ရအောင်တန်ဖိုးရှိလို့လားဆိုတော့..အခြားသူတွေအတွက်တန်ဖိုးမဖြစ်လောက်ပေမယ့်

ကျွန်တော့်အတွက်တော့…ရေသည်ယောကျာင်္းရဲ့ပဲဝက်အသပြာလောက်(မစွန့်ပစ်နိုင်အောင်)မက်မက်မောမောရှိတာပါ။

စကားလုံးတွေ၊စာစီတွေကရယ်စရာဖြစ်ကောင်းဖြစ်ပေမယ့်..ကိုယ်ရင်ဘတ်ကြီးကလာတာဆိုတော့မပစ်ရက်ဖူးပေါ့ဗျာ။

တချို့စာတွေများပြန်ဖတ်ဖြစ်ရင်.. ရေးတုန်းကတော့လွမ်းစရာတွေတပွေ့တပိုက်နဲ့ မျက်ရည်ကျအံကြိတ်ရေးခဲ့ရပေမယ့်

အခုတော့မျက်နှာကိုတည်ထားလို့လဲမရ မဲ့ထားလို့လည်းမရနိုင်အောင် မချိုအချဉ်ပြုံးစိစိဆိုတဲ့

အနေအထားဖြစ်သွားနိုင်လောက်တဲ့အရေးအသားမျိုးတွေပါပဲ။ဒါပေသိကျေနပ်ပါ၏လို့ဆိုပါရစေဗျာ…

ဒါတွေကအတိတ်မှာကိုယ်မကောင်းတာလုပ်ခဲ့တာမှမဟုတ်ပဲဟာကို..ဟီး

ကျွန်တော်mysubooမှာဝင်ရေးဖူးပါတယ်။တချို့တွေလည်းသိကြမှာပါ။mysubooမှာကျွန်တော်ရေးဖြစ်တုန်းကလဲစာရေးကမသွက်ဖူးဗျ။

တလနေလို့ ၃၊၄ ပိုစ့်ဖြစ်ဖို့တော်တော်လက်ပူတိုက်ရတာတကား….

အဲဒိတော့ကျွန်တော်အကြံထုတ်ရတာပဲ..ကျွန်တော်ပိုစ့်တွေမှန်အောင်ပေါ့။ကဗျာချည်းရေးမယ်ဆိုရင်တော့..

သေချာတယ်၁နှစ်ကို၁၂ပုဒ်ထက်ပိုမှာမဟုတ်ဘူး။စာတိုပေစလေးတွေရေးမယ်ဆိုရင်လဲဒီနှုန်းပဲ။

အဲဒိလိုသာစာဖတ်ပရိတ်သတ်ကိုအလုပ်အကျွေးပြုလို့ကတော့..တွေ့တိုင်းကိုယ့်ကိုယ်ကိုပြန်မိတ်ဆက်ရလောက်အောင်…

ပရိတ်သတ်မှတ်မိနေတော့မှာပဲ…ဆိုးတာကညီအစ်ကိုမောင်နှမတွေလို…

အတွေးရှင်းရှင်း၊အာရုံကောင်းကောင်းနဲ့စာကြီးပေကြီးရေးနိုင်လောက်အောင်ပါရမီရင့်သန်မှုကလဲနည်းပါးတော့…..

ရော်….ခက်တယ်နော်….

အဲဒါနဲ့…တနေ့မှာကျွန်တော်ပိုစ့်တခုစမ်းတင်လိုက်တယ်…ဆော့ဝဲလေးတစ်ခုအကြောင်းပါ….။

MP3 သီချင်းတွေကိုဖုန်းမှာပြန်နားထောင်ရင်သူ့ရဲ့အသံအရည်အသွေးမကျစေပဲဆိုဒ်ကိုချုံ့ပစ်လို့ရမယ့်ဟာလေးအကြောင်း။

ပိုစ့်လေးကိုလာဖတ်သူတော်တော်များများက ကြိုက်ကျတယ်။ကြိုလဲကြိုဆိုကြတယ်..နောက်လည်းဒါမျိုးလေးတွေရေးပါဦးပေါ့။

အပြင်မှာကျွန်တော့်ဝါသနာကကွန်ပျူတာနဲ့ပတ်သက်တာမှန်သမျှ software/hardware တွေကိုဟိုစမ်း၊ဒီစမ်း နဲ့ ကလိရတာကိုပါ။

ကလိလွန်းလို့စက်ကိုခဏခဏ format လုပ်ရတာလဲများပြီပေါ့။ဒါပေမယ့်ဝါသနာကိုမစွန့်နိုင်သေး

စဉ်းစားမိတာက……….ငါအဲဒါမျိုးလေးတွေရေးရင်…ငါလဲများများတတ်နိုင်တယ်…(ရေးနိုင်မယ်လို့ဆိုလိုတာပါ)။

လာဖတ်သူတွေလည်းသူတို့နဲ့အဆင်ပြေတာလေးတွေ..ကောက်ရိုးလေးတစ်မျှင်(နှောင်ကြိုးလေးတစ်မျှင်မဟုတ်ပါ)လောက်

အကျိုးကျေးဇူးရလဲမဆိုးဘူးလို့။ဒါနဲ့နောက်ပိုင်းထပ်ထပ်ရေးဖြစ်နေတာကနည်းပညာပိုင်းအတိုအထွာလေးတွေပါ။

ဝန်ခံပါတယ်.။ကျွန်တော်ဆရာကြီးမဟုတ်ပါဘူး..လေ့လာသင်ယူနေတုန်းပါ။

ကိုယ်သိသလောက်ကိုပြန်မျှမယ်ဆိုတဲ့ရည်ရွယ်ချက်သာရှိပါတယ်။သူများကိုဆရာလုပ်ချင်လို့၊ပြောချင်လို့

အဲဒိပို့စ်တွေရေးဖြစ်၊တင်ဖြစ်နေတာမဟုတ်ပါဘူး။တခါတလေမှာကျွန်တော်တို့ဟာနည်းပညာတွေအားလုံးကိုလိုက်မမှီပါ။

ကိုယ်ကလဲအဲဒါတွေနဲ့ပတ်သက်ပြီးအလုပ်လုပ်နေရမယ်ဆိုရင့်စိတ်ညစ်ရပါတော့တယ်။

(အဲ…စိတ်ညစ်တယ်ဆိုတာထက်…ခေါင်းစားတယ်ဆိုတာပိုမှန်ပါတယ်)။

ကျွန်တော့်ကိုပဲကြည့်…ဒီလိုပို့စ်လေးတွေကိုကျွန်တော့်ရဲ့လက်ရှိဘလောက်မှာတင်မယ်စိတ်ကူးတယ်။

ဒါပေမယ့်စိုးရိမ်တာကပထမတင်ထားခဲ့တဲ့ပိုစ့်တွေ (စာတိုပေစတွေနဲ့ကဗျာလေးတွေ)နဲ့လဲရောထွေးနေမှာကိုမလိုလားဘူး။

ဒီတော့ header မှာ Home အပြင်နောက်ထပ်တခုထပ်ထည့်လိုက်တယ် Tech ပေါ့ဗျာ။

အဲဒိမှာမောင်ဏီ(န်)ကင်းစတွေ့တာပဲ။ထည့်တော့ထည့်တတ်တယ်..ပြန်မထုတ်တတ်(အဲလေမှားလို့)…

ကျန်တာတွေထပ်မလုပ်တတ်တော့ဘူးခင်ဗျ။အဲဒိမှာရွာပတ်တယ်။စလုံးမှာလခလေးစရတော့…

မိုက်မိုက်မဲမဲလုပ်ထည့်လိုက်တာတစ်ခုရှိတယ်။ဘာလဲသိလား…

ဒီdomainနဲ့webhostingကြီးကိုဝယ်ချလိုက်တာလေ။ဒီဟာကြီးကလဲWordpressဆိုတဲ့ဘလောက်အင်ဂျင်ကိုsupportလုပ်တယ်တဲ့။

ဟုတ်ကဲ့…မှန်တာပြောသစ္စာပါ။ ကျွန်တော်အဲဒါတွေမသိပါဘူး။လေ့လာရမှာလဲအလွန်ပျင်းတယ်လေ။

ကျွန်တော်သိတာက new post ကိုယူခေါင်းစဉ်နဲ့ စာကိုယ်ရိုက်၊ပြီးရင် publish ..ဒါပဲ။ အဲဒိတော့ကာ..

ကိုယ်လိုချင်တာကိုသိတယ်…မလုပ်တတ်ဘူးဖြစ်နေတာပေါ့။သူငယ်ချင်းကိုသတိရတယ်။

သူကအဲဒါတွေကိုလေ့လာနေအသုံးချနေတဲ့သူ…တော်တော်လဲကျွမ်းကျင်တယ်..သူ့ကိုအပူကပ်ရတာပေါ့

သူကလဲသူကျွမ်းကျင်နေတာတွေ၊သိတာတွေကိုအပြန်အလှန်ကူညီတဲ့သဘောမျိုးရှဲပေးပါတယ်။

ဒါကချစ်စရာကောင်းတဲ့နည်းပညာခေတ်ကလူငယ်တွေအကျင့်..ဟီး….စေတန်ရေ..မင်းကိုနဲနဲမြှောက်ပါရစေကွာ..

ပြောချင်တာကစာဖတ်သူမသိသေးတာတွေကို(အကုန်လုံးမဆိုလိုပါ)ကျွန်တော်ကသိမယ်ဗျာ..။

စာဖတ်သူတွေလိုချင်တာ(softwares,ebooks,movies etc.)အဲဒါလေးတွေကိုပြန်ပြီးအတတ်နိုင်ဆုံး

နားလည်အောင်ရှဲပေးမယ်။ကျွန်တော့်ရှေ့ကအကိုကြီးတွေလည်းဒါမျိုးတွေရေးပေးရှဲပေးနေတာတွေ့ရပါတယ်။

သူတို့ဆီကလဲကျွန်တော်တချို့နည်းပညာတွေသွားသွားယူရတုန်း၊မှီညမ်းရတုန်းပါပဲ။

ကျေးဇူးလဲအရမ်းတင်ဖို့ကောင်းတယ်။ဘာလို့လဲဆိုတော့နည်းပညာ support ဆိုတာနိုင်ငံခြားမှာဆိုရင်ပိုက်ဆံယူလို့၊

ရှာလို့အကောင်းဆုံးအလုပ်ကြီးပဲ..ဒါတွေကိုမြန်မာလူငယ်လေးတွေက..၀ါသနာကိုရင်းပြီးအခမဲ့လုပ်နေတာ..

ဒါဆိုစာဖတ်သူတွေလဲအကျိုးရှိတယ်။ ကျွန်တော်လဲပိုစ့်လေးတွေအဆက်မပြတ်တော့ဘူးပေါ့။

mysubooတုန်းကတော့ file uploading,sharingအတွက်ခက်ခဲလို့တချို့လေးတွေကိုကျော်ကျော်ရေးခဲ့ရတာတွေ၊

ချန်ခဲ့ရတာတွေရှိတယ်။အခုတော့ပိုက်ဆံပေးထားရတဲ့ဟာတွေကိုအလကားမထားတော့ဘူး။ရနိုင်သလောက်အသုံးချရတော့မှာပဲ။

ကဲပြောနေကြာတယ်။…နောက်ဘလောက်ကိုရောက်ရင်၊လာလည်ဖြစ်ရင်၊မျက်စိလည်လာရင်…

အပေါ်မှာ Home အပြင်Tech ဆိုတဲ့စာမျက်နှာအသစ်တွေ့မယ်။ဝင်ကြည့်သွားကြပါဦးလို့တိုက်တွန်းလိုက်ပါရစေ…

(ဒါပါပဲခင်ဗျာ…လေရှည်လို့ပြီးပါပြီ..ဟီး)

လေးစားစွာဖြင့်

ဏီ(န်)ကင်း

13 Comments

လူပျိုကြီးNovember 27th, 2009 at 6:59 pm

သွားကြည့်လိုက်တော့ Not Found တဲ့ဗျ ဘာမှလည်းရေးမထားဘူး

ဏီ(န်)ကင်းNovember 27th, 2009 at 7:03 pm

ဟဲဟဲ ကိုကြီးကလဲ…အခုမှစမှာပါဆိုမှ….ဇွတ်… :D

မြစ်ကျိုးအင်းNovember 29th, 2009 at 4:42 am

ကိုယ့်လူနှယ် မမောတဲ့အတိုင်း အရှည်ကြီးရေးနေရသေး ဟဲဟဲ အလကားစတာ

နည်းပညာ မျှဝေတာ သိပ်ကောင်းတယ်ဗျ ကျနော်လည်း အခုထိ လိုက်ဖတ်ပြီး ကလိနေတုန်း
ကောင်းတယ် ကြိုဆိုပါတယ်ဗျာ

မိုးတိမ်ညိုNovember 30th, 2009 at 5:26 am

စိတ်ဝင်တစား ဖတ်သွားပါတယ်ဗျာ။ စိတ်ရှည်လက်ရှည် ရှင်းပြထားတာ ကျေးဇူး။

မိုးခါးDecember 1st, 2009 at 4:37 pm

ရှယ်ပေးမယ်ဆို လိုချင်တာတွေရော တောင်းမှာနော် .. အဟဲ .. ခေါင်းခြောက်ဖို့သာ ပြင်ထား :P

khinmarlaraungDecember 3rd, 2009 at 7:46 pm

မောင် king တစ်ယောက်။။။ရေးမဲ့ရေးတော့လည်း လိုက်လို့ တောင်မမှီ။
အရေးအသားတွေက အရမ်းသွက်လာတယ်နော်။ ဝမ်းသာတယ် မောင် king ရေ။
ကြိုးစား။ နည်းပညာတွေ ဖလှယ်မယ်ဆိုတော့ ဆရာတင်တယ်လေနော်။ :)

အကီနိုDecember 3rd, 2009 at 11:08 pm

ရှယ်ပြီဆိုရင်တော့ တောင်းတော့မယ် လာထား….:P
အကိုရေ လုပ်သာလုပ် အားပေးတယ်

မငုံDecember 6th, 2009 at 10:45 am

လိုအပ်သည်များကို အကူအညီ တောင်းခံပါမည်နော့

စည်သူDecember 6th, 2009 at 5:52 pm

စကားလုံးတွေ၊စာစီတွေကရယ်စရာဖြစ်ကောင်းဖြစ်ပေမယ့်..ကိုယ်ရင်ဘတ်ကြီးကလာတာဆိုတော့မပစ်ရက်ဖူးပေါ့ဗျာ။.. အာ.. ရယ်စရာ မဖြစ်ပါဘူးဗျာ.. အဟီးဟီးဟီး.. ခိခိခိ..း-)

ရှယ်မခွဲပေးလို့ကတော့ ဖြူကင်း ဖြစ်ဖို့သာကျန်ပေတော့..းP

NweYoeDecember 7th, 2009 at 11:15 pm

သူလည်း ကိုယ့်လိုပါပဲလားနော် တရေးနိုးမှ တပုဒ် တက် တရေးနိုးမှ တပုဒ်တက် ဟဲဟဲ

တောင်ပေါ်သားDecember 9th, 2009 at 7:37 pm

ငါတောင် အဲ့လို လုပ်ဖို့ တန်းပလိတ် ချိန်းနေတာကွး)

foreversomethingDecember 16th, 2009 at 7:43 pm

သွားကြည့်လိုက်တော့ Not Found တဲ့ဗျ ဘာမှလည်းရေးမထားဘူး < ဟုတ်ပ။ ကျွန်တော် ဘလော့ဂါ မဟုတ်ပါ။ သို့သော် Tech tab အတွက်ကူပါမည်။ ဒီစနေ စတာပေါ့။

ဏီ(န်)ကင်းDecember 16th, 2009 at 8:19 pm

ကျေးဇူးပါပဲဗျာ

Leave a comment

Your comment