ချစ်သူသို့

သံချေးတစ်ထပ် ရွှံ့တစ်ထပ်မို့

သူတို့ရဲ့စိတ်အတင်အချကို

မင်းဘယ်လိုမှဖတ်လို့ရမှာမဟုတ်ဘူး။

………………………………………………………………………………………………………………………………………………..

အာငွေ့မှုတ်သံတွေကြားမှာပဲ

ရယ်မောကာတစ်နွေလုံးပိတ်

ကိုယ်ယဉ်ကျေးမှုနဲ့ ကိုယ်အိပ်ပစ်လိုက်ကွယ်…

………………………………………………………………………………………………………………………………………………..

ချစ်သူရေ..

လောကမာယာဆိုတာ

အတီးခံရတဲ့ဗုံတွေရဲ့ဂီတပါပဲ။

စစ်တုရင်တစ်ပွဲလုံးကို

ဆွဲမှောက်ခံလိုက်ရပေမယ့်

ဘာဖြစ်လဲ

ဝမ်းမနည်းကြေး

တို့တွေရွာသွန်းကြရုံပေါ့

………………………………………………………………………………………………………………………………………………..

ယုံကြည်ထားစမ်း

ရေခိုးရေငွေ့ကလည်း

ပင်လယ်ကိုပစ်ပေါက်စိုက်ပျိုးနိုင်တယ်ဆိုတာ။

………………………………………………………………………………………………………………………………………………..

ဆရာတာရာမင်းဝေ(မိုးခေါင်လို့ တီးတဲ့ဗုံသံ)

ဆရာရယ်…ကျွန်တော့်ကိုခွန်အားတွေပေးသနားပါဗျာ….ဏီ(န်)ကင်း

ပြုတ်ကျသွားသောလှေကားထစ်

သူမက…

ရင်ခွင်ကိုတိုးတိုးသာသာနှုတ်ဆက်မှာမဟုတ်ဘူး

ဝင်သွားတာမုန်တိုင်းတတန်၊လှိုင်းတတန်နဲ့

သိချိန်မှာငါကိုယ်တိုင်ချင်းချင်းနီနေပြီ

ဆုပ်ကိုင်မှုတွေမှာအားမပါတော့ပေမယ့်

ခပ်ပေပေနဲ့ငါကြည့်နေမိတုန်းပဲ

ဒီတခါထပ်ကြည့်ရင်ငါပြိုကျပြီ..မိန်းခလေး

အသွေးအသားက.ရောင်းကုန်မဟုတ်ပေမယ့်

ငါ့အတ္တကိုငါကိုယ်တိုင်ငတ်ပြတ်နေခဲ့တာ.ကြာပါပြီကော..

ဒီလိုနဲ့ရှေ့ဆက်မိုက်ရဦးမယ်

………………………………………………………………………………………………………………………………………………………

………………………………………………………………………………………………………………………………………………………

………………………………………………………………………………………………………………………………………………………
လျှောက်မတွေးနဲ့နော်…. အာရုံတွေနောက်နေလို့…တခုခုထလုပ်ကြည့်တာ…

ပျော်တော်ဆက်

သူ့နောက်ကိုတကောက်ကောက်လိုက်ပါ

သူ့ကိုကြည်ကြည်သာသာလေးစကားပြော

သူခဏတော့ပြုံးလိုက်ပါစေကွယ်

မင်းခပ်ဟဟလေးရယ်ကြည့်လိုက်

တွေ့လား..လှတယ်နော်…အားလုံးကလှနေတယ်

ဒီလိုနဲ့

မင်းရင်ဘတ်နောက်မှာကျဆုံးသွားခဲ့တဲ့

နှလုံးသားလေးအတွက်…

မင်း……

တချက်လောက်လောက်တော့..

အသိအမှတ်ပြုလိုက်ပါအုံးနော်

နောင်၅နှစ်မှသည်…..

မမ၀ါလို့အားလုံးကချစ်စနိုးခေါ်သောအမတစ်ယောက်တဂ်ပါတယ်။အဲ့အမရဲ့ဘလောက်ကိုဟိုးတုန်းကတည်းကရောက်ဖူးတယ်။

စိတ်ထဲမှာ..ဂျပန်မှာနေတယ်..စာရေးသားကောင်းတယ်..စိတ်ထားနူးညံ့မယ်(တင်းပလိပ်ကြည့်ခန့်မှန်းတာပါ.ပန်းနုရောင်လေးကိုး)

ပြီးတော့နောက်တစ်ခုကတော့ဘာသာတရားကိုင်းရှိုင်းမယ်(ဒါတော့ကိုယ်ပိုင်ခန့်မှန်းချက်).အဲဒါလေးတွေနဲ့တွဲမှတ်ထားတယ်။

အမြဲမဟုတ်ပေမယ့်တခါတခါရောက်ရောက်ဖြစ်ပါတယ်။အခုတော့မှဘလောက်ဂါသူငယ်ချင်းတွေပြောပြောနေတဲ့မမ၀ါဆိုတာ

သေချာမှတ်မိတော့တယ်။အမရဲ့ပိုစ့်ကိုဖတ်တုန်းကကြည်နူးမှုလေးတွေဖြစ်လာလို့ကော်မန့်ပေးဖြစ်ပါတယ်။

အဲဒိပို့စ်လေးမှာသူ့အရေးအသားတွေထက်သူ့ရင်ထဲကလာတဲ့မှတ်မှတ်ရရလေးများကိုချရေးပြထားတာပါ။

နောက်တော့အမကခင်မင်စွာနဲ့သူပိုစ့်ရဲ့တဂ်မယ့်စာရင်းမှာဖြည့်ပါတယ်။

……………………………………………………………………………………………………………………………………………

တကယ်တမ်းပြောရရင်သူတဂ်တာကိုရေးဖို့ကျွန်တော့်မှာအတွေ့အကြုံမရှိသေးပါ..ငယ်ပါသေးတယ်(အဟိကြွားတာပါ)။

ဒီတော့ဘ၀လက်တွေ့စာတွေလည်းများများမရေးနိုင်ပါ။ရသတွေမရေးတတ်ပါ။

ဘ၀ဖြတ်သန်းမှုမှာအလေးအနက်တွေရှိကောင်းရှိနိုင်ပေမယ့်ပုံမှန်အားဖြင့်တော့အတွေးမကြီးသေးပါဘူး။

ရင့်သန်တဲ့အတွေးအခေါ်ကိုဆိုလိုတာပါ။ကိုယ့်ဘ၀အတွက်ဘယ်လိုပလန်တွေချ၊ဘယ်အချိန်မှာဘာလုပ်

ဘာတွေကိုပြင်ဆင်…ဆိုတာမျိုးပေါ့။တကယ်တော်တဲ့သူငယ်ချင်းတွေလဲဒါမျိုးလေးတွေအချိန်ဇယားလုပ်ပြီးကြိုးစား

နေတာမြင်ဖူးပါတယ်။လောလောဆယ်တော့ကျွန်တော်မပါပါဘူး။ကိုယ့်မှာပြောပလောက်တဲ့ရည်မှန်းချက်မရှိပါ။

ရည်မှန်းချက်မရှိ…ပန်းတိုင်မရှိလို့မင်းဘ၀တော့သွားပါပြီလို့လဲဂရုဏာသက်မစောပါနဲ့ဦး။

တနေ့တနေ့ထမင်းမငတ်အောင်တော့ဦးနှောက်ကအလုပ်လုပ်ပါသေးတယ်။ဆိုတော့ကာ…မပြင်ဆင်ရသေးပါဘူး။

အဲ……မပြင်ဆင်ရသေးပေမယ့်အဲဒိကာလကြီးကရောက်လာတော့မှာပါပဲ။တားလို့လဲမရနိုင်တာဒီရေနဲ့အချိန်ပါ။

ပြင်ဆင်နိုင်ခွင့်မရသေးခင်မှာပဲတိုက်ခိုက်ပြီးကျဆုံးသွားနိုင်ပါသေးတယ်။

ကဲ

နောင်လာမယ့် ၅ နှစ်မှာ….

၁.ဘာအလုပ်လုပ်ဖို့ ရည်ရွယ်ထားပါသလဲ.(မိမိရဲ့ စိတ်ကူးထဲမှာ ကိုယ်လုပ်ချင်တဲ့ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းလေးတစ်ခုပါ။)

၂.မိမိရဲ့စိတ်ကူးထဲကအိမ်ထောင်ဖက်(သို့)စိတ်ကူးထဲကအိမ်ထောင်ရေး

(မိမိရဲ့စိတ်ကူးထဲကအိမ်ထောင်ဘက်ဟာဘယ်လိုစိတ်ဓါတ်၊ဘယ်လိုပုံစံမျိုးလေးဖြစ်စေချင်ပါသလဲ)

……………………………………………………………………………………………………………………………………………

မေးခွန်းနံပါတ်(၁)ရဲ့အဖြေကတော့နောင်၅နှစ်အတိုင်းအတာမှာကျွန်တော်တော်တော်များများလုပ်ဖြစ်မှာကသူတပါးရဲ့အလုပ်တွေပါပဲ။

ဘာလို့လဲဆိုတော့အခုလောလောဆယ်စလုံးမှာအလုပ်လုပ်နေတယ်။အရင်းအနှီးလေးတခုလောက်တော့စုဆောင်းပြီး

မိန်းမယူ.(အဲလေ)..ကိုယ်ပိုင်၊တစ်နိုင်တစ်ပိုင်စီးပွားရေးလေးလုပ်ဖို့ဆိုတာကနောက်ထပ်၂နှစ်လောက်ထပ်ပြီးဒီမှာအလုပ်လုပ်ရဦးမှာပါ။

ဒါတောင်ဒီကြားထဲပိုက်ဆံစုနိုင်အောင်လခကောင်း၊အသုံးအစွဲချွေတာနိုင်အုံးမှလေ။

တခုစဉ်းစားထားတာတော့ရှိတယ်ကိုယ်ကအလုပ်လုပ်နေရင်းကိုယ့်ပိုက်ဆံလေးတွေကိုဒီအတိုင်းစုထားတာထက်စာရင်

ငွေသေမဟုတ်ပဲငွေရှင်ဖြစ်အောင်လုပ်မလားလို့ပါ။ငွေရှင်ဖြစ်အောင်ဆိုရင်တော့TOTOထိုး..အဲလေ

တခြားစီးပွားရေးသေးသေးလေးတစ်ခုလုပ်ဖို့စဉ်းစားပါတယ်။လုပ်ချင်နေမိတာကတော့စင်ကာပူကပင်နီဇူးလားပလာဇာမှာ

ဆိုင်ဘာကဖေးလေးဖွင့်ချင်တာ့ပါပဲ။သိတဲ့အတိုင်းပင်နီဇူးလားဆိုတာစင်ကာပူရောက်မြန်မာတွေမလာမဖြစ်လာရတဲ့

အထင်ကရနေရာကြီးပါ(ဟီး)။ကိုယ်လုပ်ချင်တာကဆားဗစ်ကောင်းကောင်းပေးနိုင်တဲ့အင်တာနက်ဆိုင်လေးပေါ့။

ကွန်ပျူတာတွေလဲပြင်မယ်၊ဆက်စပ်ပစ္စည်းလေးတွေလဲရောင်းချင်ပါတယ်။ကိုယ့်မြန်မာအချင်းချင်းကို

တတ်နိုင်သလောက်ဆားဗစ်ကောင်းကောင်းပေးချင်လို့ပါ။ဒီမှာကမြန်မာပြည်နဲ့ဆက်သွယ်ရေးကအရေးကြီးပါတယ်။

(တော်ပြီလေမရှည်တော့ဘူး)။အဲဖြစ်နိုင်လို့မြန်မာပြည်မှာပါစီးပွားရေးတဖက်တလမ်းကလုပ်ခွင့်ကြုံမယ်ဆိုရင်လဲ

ကွန်ပျူတာနဲ့ပက်သက်တာပဲလုပ်ဖြစ်မှာပါပဲ။ဒါပေသိမြန်မာပြည်မှာဆိုရင်တော့ကဖေးဖွင့်မှာမဟုတ်ဘူး။

မီးရယ်၊အင်တာနက်ရယ်ကိုမသေချာသူတွေမှာအားကိုးမနေချင်လို့ပါ။စဉ်းစားထားတာကကွန်ပျူတာပစ္စည်းတံဆိပ်

တခု(အရည်အသွေးကောင်းကောင်းပေါ့ဗျာ)ကိုတဦးတည်းကိုယ်စားလှယ်ယူပြီးဖြန့်ချင်တာ။မြင့်တော့မြင့်တယ်

ဒါပေမယ့်လုပ်ချင်တာကအဲဒိလိုတွေပဲလေ။စိတ်ကူးလေးတွေပေါ့။ဒါကကိုယ်ပိုင်စီးပွားရေးပါ။

ပရဟိတတွေလဲအရမ်းလုပ်ချင်တယ်။သူများတွေလုပ်နေတာတွေကိုလည်းအရမ်းအားကျတယ်။

ဒါကပေါ်ပင်မို့လို့လိုက်လုပ်ချင်တာတော့မဟုတ်ဘူး။ဥပမာနာရေးကူညီမှုအသင်းလိုလုပ်ဆောင်မှုတွေကို

ကြက်သီးထလောက်အောင်ကြည်နူးမုဒိတာပွားမိပါတယ်။ကျွန်တော်လုပ်ဖြစ်ရင်တော့ပညာရေးနဲ့ပတ်သက်

တာကိုများများလုပ်မိမယ်။နောက်ပိုင်းမျိုးဆက်တွေမှာချို့တဲ့သူတွေအတွက်ပညာရေးနဲ့ပတ်သက်တဲ့ပရဟိတအလုပ်

တွေကိုလုပ်မယ်လို့စိတ်ကူးထားပါတယ်။ဟုတ်ကဲ့…အားလုံးကစိတ်ကူးသက်သက်များပေါ့ဗျာ….

ဒါပေမယ့်သေချာပါတယ်….ကျွန်တော်ယုံကြည်တဲ့၊လုပ်ဖြစ်မယ့်ကိစ္စပါပဲ။

အရင်ဆုံးတော့ကိုယ့်ဝမ်းစာနဲ့အရင်းအနှီးအတွက်သူတပါးဆီမှာလုပ်ဖြစ်နေဦးမှာပါပဲဗျာ။

……………………………………………………………………………………………………………………………………………

မေးခွန်းနံပါတ်(၂)ကိုဖြေဖို့ကတော့ကျွန်တော့်အတွက်ပိုကြောက်ရွံ့မိပါတယ်။ပြောရမယ်ဆိုရင်အချစ်ဆိုတာ

ကြီးကိုကြောက်ပါတယ်။တခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်အခါခါသေဖူးပေမယ့်ပျဉ်ဖိုးနားမလည်တတ်

သေးတာလဲအကြောင်းပြချက်တစ်ခုပေါ့။ဒါပေမယ့်တကယ်အသက်အရွယ်ရင့်ကျက်လဲတဲ့အချိန်မှာ

နားလည်မှုတွေဆိုတာအချစ်ထက်ပိုကောင်းတဲ့အိမ်ထောင်ရေးအကြောင်းပြချက်တွေဆိုတာသိလာပါတယ်။

နားလည်မှုဆိုတာကြီးအတွက်အချိန်တွေ၊ဘ၀တွေအများကြီးရင်းရမယ်လို့လဲထင်ပါတယ်။

အားလုံးကတော့ခြောက်ပစ်ကင်းသဲလဲစင်လေးတွေလိုချင်တာပေါ့နော်….များများလိုချင်လေ..

လူပျိုကြီး၊အပျိုကြီးတွေဖြစ်လေပဲ(ဟီးဟီး..မည်သူ့မှစောင်းမြောင်းမပြောပါ.ကိုယ်ပိုင်ယူဆချက်မျှသာ)။

လိုချင်မိတာကတော့အေးချမ်းပျော်ရွှင်တဲ့အိမ်ထောင်မျိုးပါ။

အရမ်းကြီးချောမောလှပနေတာထက်စာရင်

ကြည့်ကောင်းပြီးရိုးသားတဲ့သူကိုသာလက်တွဲချင်ပါတယ်။

အရမ်းကြီးပညာတတ်နေတာထက်စာရင်

အသိဥာဏ်နဲ့အကောင်းအဆိုးအကြောင်းအကျိုးသိပြီးလိမ္မာတဲ့သူကိုသာပိုင်ဆိုင်ချင်ပါတယ်။

အရမ်းကြီးမဟာဆန်နေ၊ကြွယ်ဝနေတာထက်စာရင်

ဟန်ဆောင်မှုကင်းပြီးရောင့်ရဲတင်းတိမ်တတ်သူကိုသာလက်တွဲချင်ပါတယ်။

ကိုယ်လိုချင်တာတွေပြောပြနေတာထက်စာရင်ကိုယ်တိုင်ကလဲသူလိုချင်တဲ့၊သူဖြစ်ချင်တဲ့၊သူပိုင်ဆိုင်ချင်တဲ့

အိမ်ထောင်ဦးစီးသူဖြစ်အောင်အရင်ကြိုးစားမှဖြစ်မှာပါ။

ဒါတွေအားလုံးကိုထပ်တူမကျနိုင်ရင်တောင်နားလည်မှုတွေနဲ့ချိန်ခွင်လျှာညှိယူရမှာပါပဲ။

……………………………………………………………………………………………………………………………………………

လေးစားစွာဖြင့်

ဏီ(န်)ကင်း

(မမ၀ါကျေနပ်နိုင်ပါစေလို့မျှော်လင့်ပါတယ်ခင်ဗျ)

…မိုး…

မိုးကြောင့်ပေါ့ သူနဲ့တွေ့…

မိုးကိုရှောင်တော့ သူနဲ့တိုး…

မိုးခိုသူများခေါင်းစဉ်အောက်မှာပေါ့

သူနဲ့ကျွန်တော်၊ကျွန်တော်နဲ့သူ

မိုးထစ်ချုန်းတယ်၊မိုးရွာတယ်၊မိုးသည်းတယ်

ဂွတ်ဘိုင်….ဘိုင်ဘိုင်…

ဒီမှာ..ဟေ့ဒီမှာ….

ငါ့ရင်မှာမင်းကျန်နေတယ်

အော်…..မိုးမတိတ်ခဲ့ရင်လေ…

အစကတည်းကမိုးမရွာခဲ့ရင်လေ…

ဏီ(န်)ကင်း

Read the rest of this entry »

ငါ့ရင်ထဲကမြို့တော်

ကြယ်တွေစုံနေတဲ့အခိုက်တွေမှာ..တေးသွားတွေပြိုပြိုကျတယ်

ငါ့အတွက်အခွင့်တစုံနဲ့ငါကိုယ်တိုင်ကိုင်လှုပ်ခံလိုက်တယ်

ဒီအတွက်အမေ့ကိုကျေးဇူးတင်တယ်

ကျင်လည်ရာမြေကြီးဆိုတာကမ္ဘာမှန်းသိတဲ့အချိန်

အသိဥာဏ်ပါးပါးလေးကလမ်းကူလျှောက်

မြင်ရာသင်ရာတွေနဲ့

ပထမဆုံးဆရာအဖေ့ကိုကိုးကွယ်တယ်

တည်ဆောက်ရင်း.အမြတ်မရှိအရှုံးချည်းနဲ့နှစ်သိမ့်

တဆိတ်ငါ့အပန်းဖြေရေပူစန်း…အရမ်းပူတယ်ကွယ်

သူတို့.မျက်လုံးလေးတွေအထင်ကြီးတယ်..

ဒီအတွက်ငါ့မိသားစုမာန်တွေချချနင်းခဲ့ရတာကြာနေပြီပေါ့

အချို့အပြောင်းလဲတွေကလက်ခံနိုင်လောက်တဲ့အတိုင်းအတာပြည့်တာကြာနေပြီ

ဒါပေသိမသိချင်ယောင်ဆောင်ဆက်လက်ရှင်သန်နေတုန်းပဲ

ကိုယ်တိုင်ခါချလိုက်တဲ့နာကျင်မှုတွေ

အခြားသူတွေကူးစက်ပျံ့ပွားသွားမှာ..စိုးကြောက်မိသူပါ

ရပ်တည်မှုဆိုတဲ့ဆိုင်းပုဒ်ကြီးတွေကိုအထပ်ထပ်ဆေးကြောရင်း

ငါ့မိဘတွေဘယ်အချိန်ထိချေးအထပ်ထပ်တက်နေရဦးမှာလဲ

ကုံလုံမှုတွေကိုအထပ်ထပ်ဖို့ရင်း..သူတို့ဘယ်အချိန်ထိများထပ်နှစ်မြုပ်နေဦးမှာလဲ

ငါကိုယ်တိုင်မွေးကတည်းကနတ္တိဖြစ်နေခဲ့လို့လား

အကြွင်းတွေဘယ်လောက်ပဲရှည်ရှည်.ငါ့အတ္တတွေကိုငါချဲ့ထွင်ချင်ခဲ့မိတာ..

ငယ်ငယ်တုန်းကငတ်ခဲ့ရတဲ့..ထမင်းတလုပ်အတွက်လား

ပြုစုခဲ့ယုယမှုတွေအပြီးစီး၊အမေအိပ်ယာစောစောထခဲ့ရတာတွေရာနှုန်းပြည့်ခဲ့ပေမယ့်..

ရင်ကိုဖွင့်ပြီးအဖေထုတ်နှုတ်ပေးဆပ်ခဲ့တာ..သူတစ်ဘ၀စာချီနေပေမယ့်

သားဖြစ်တဲ့(ငါ)တာဝန်တွေအခုထိမာတိကာမှာပဲထားမိတုန်း

စာမျက်နှာနံပါတ်တွေဝိုးတ၀ါးမပီပြင်တုန်း

လျှောက်နေတဲ့ခြေလှမ်းတွေအခုထိမှားတုန်း

လဲကျမှုတွေနဲ့အခုထိဖက်တွယ်တုန်း

ကျွန်တော့်ကြောင့်ဒုနဲ့ဒေး..ပွေ့နေရဒုက္ခတွေရှိနေတုန်းပဲ

ဒါပေသိသက္ကရာဇ်တွေထပ်ပြိုပြန်ပြီ…

ဇရာတွေငါ့အဖေနဲ့အမေ့နားကိုရောက်လာနေကျပြန်ပြီကော..

ထုံကျင်နေတာမခံစားတတ်လို့မဟုတ်ဘူးအမေ..

ခံစားလွန်းအားကြီးလို့ယဉ်သွားတာပါ

တခါတလေများတွေးမိတယ်…

ငါ့မွေးတုန်းသေနတ်တလက်၊ဓားတစ်ချောင်း

ကောင်းကောင်းများပါခဲ့ရင်…

ငါ့ရင်ထဲကဒီမြို့တော်…

သာယာချင်မှသာယာတော့

စည်ကားချင်မှစည်ကားတော့

တိုးတက်ချင်မှတိုးတက်တော့

ငါ့အသိဒိထက်မြင့်ချင်ကာမှမြင့်တက်တော့

ဒီမြို့တော်ငါကိုယ်တိုင်ဖျက်ဆီး..မီးအသင်းသင်းရှို့လို့

ဗျတ်စောင်းလေးတခုနဲ့သာပျော်ရွှင်ချင်မိတယ်

HAPPY BIRTHDAY- ဏီ(န်)ကင်း

ဒီဇင်ဘာရှိရင်းစွဲ

No Toilet Paper , No Stationery , No Chocolate !!!

ကျွန်တော်တို့ရုံးမှာအော်နေကြတာပါ။ဘာလဲဆိုတော့ခရစ်စမက်ကာလရောက်တော့မှာမို့လို့

သူတို့တွေအမှတ်တရပစ္စည်းလေးတွေလဲမယ်….။ပါဆယ်ဂိမ်းပေါ့…။

ဘာပစ္စည်းတွေဝယ်လာလို့ရတယ်၊မရဘူးဆိုတာစရင်းနောက်ရင်းအော်နေကြတာ။

ဒီအလုပ်လေးလဲလုပ်တာတစ်နှစ်တင်းတင်းပြည့်သွားပြီ။ဒီနေ့ဆိုရင်….

မနှစ်လာတုန်းကလဲသူတို့ဒီလိုပဲငြင်းခုံနေတာကိုပြုံးကြည့်နေခဲ့ဖူးတယ်။

ကိုယ်ကအစိမ်းသက်သက်ကြီးအဲဒိအချိန်တုန်းက…သူ့နာမည်ကိုယ်မသိ၊ကိုယ်နာမည်သူမခေါ်တတ်..လေ

သူတို့ကတော့အားရ၀မ်းသာကြိုဆိုပါတယ်(သူတို့ဝေစုတစ်ခုထပ်တိုးမှာကိုး)။ဒါနဲ့ပဲပစ္စည်လေးတခုနဲ့(သူငယ်ချင်းဆီကပိုက်ဆံချေးပြီး)

ဝင်နွှဲတယ်ပေါ့ဗျာ။ဒီနှစ်တော့မရတော့ဘူး…အကြံပေးရေးနဲ့မဲခွဲဆုံးဖြတ်ရေးမှာကိုယ်လဲပါတယ်…ဟဲ..ဟဲ

တကယ်ဆိုရင်တော့လိုပါသေးတယ်…၂၅ရက်မှာပိတ်မယ်ခရစ်စမက်က..ဒါကို၂၄ရက်ရောက်ရင်ပစ္စည်းလေးတွေယူလာပြီး

မဲနှိုက်လဲရမှာ…မနှစ်ကတော့ကြံကြီးစီရာကျွန်တော်Hair dryerပေါက်တယ်..ဘာလုပ်ရမှန်းမသိလို့ဒီအတိုင်းထားတာအခုထိပဲ။

ဒီဇင်ဘာလလေးကိုကြိုက်တယ်…။ဟိုးငယ်ငယ်တုန်းကရာသီတွေလတွေကိုစာမှပထမဆုံးစသင်ရတော့…ဆရာမကပြောတယ်

နွေး၊မိုးဆောင်းသုံးရာသီနဲ့ဘယ်လမှာဘာတွေရှိတယ်ပေါ့ဗျာ…ဆောင်းရာသီထဲကဒီဇင်ဘာလကိုကြိုက်တယ်သဘောတွေ့တယ်။

အဲဒိမှာပျော်စရာကောင်းတဲ့ကာလလေးချည်းပဲလေ။ရာသီဥတုအားဖြင့်လဲအေးတယ်ချမ်းတယ်။

တချို့နေရာဒေသတွေမှာဆိုနှင်းတွေတောင်တဖွဲဖွဲကျတယ်ဆိုပဲ။ရုပ်ရှင်ထဲမြင်ဖူးတာပါ။

ပထမဆုံးကြည့်ဖူးတဲ့နှင်းတွေပါတဲ့ဒီဇင်ဘာနဲ့ပက်သက်တဲ့ဇာတ်ကားလေးကိုသတိရတယ်.. Home Alone လေ။

ခရစ်စမက်မှာပြင်သစ်ကိုမိသားစုလိုက်သွားလည်တာအိမ်မှာကောင်လေးတစ်ယောက်ကျန်ခဲ့တယ်။

ဒါနဲ့ပဲသူကသူ့အိမ်လေးကိုဝင်ဖောက်ဖို့ကြိုးစားတဲ့သူခိုးနှစ်ယောက်ကိုပညာပေးထားတဲ့ဇာတ်လမ်းလေး။

ကျွန်တော်တို့ငယ်ငယ်တုန်းကအရမ်းနာမည်ကြီးတာလေ။ဇာတ်လမ်းလေးကြည့်ပြီးတော့..ခရစ်စမက်၊ဒီဇင်ဘာစတဲ့

စကားလုံးလေးတွေခေါင်းထဲစွဲနေတာပေါ့။ကျောင်းမှာသိတတ်နားလည်လာတော့ကိုယ်မွေးတဲ့လကလဲ

ဒီဇင်ဘာလလေးဖြစ်နေတော့အရမ်းပျော်နေခဲ့ဖူးတယ်။ကျောင်းတက်တုန်းကကျောင်းပိတ်ရက်၁၀ရက်ရှိတဲ့လလို့မှတ်ထားတာ..

ပျော်ဖို့ကောင်းတယ်..အဲဒိအချိန်လေးရောက်လာရင်တိုက်ခတ်လာတဲ့လေပြေလေးတွေမှာ..နှင်းနံ့လိုလိုအနံ့တစ်ခုကိုခံစားဖူးတယ်။

ငယ်ငယ်ကတောင်ကြီးမှာနေခဲ့တာပါ..အရမ်းငယ်သေးတယ်..အခုအချိန်ဘာမှမမှတ်မိတော့ပေမယ့်….

တောင်ကြီးကပညာရေးလေ့ကျင့်ရေးကျောင်းမှာဒီဇင်ဘာလကြီးချမ်းချမ်းစီးစီးဆော့ကစားခဲ့တာတွေကိုသတိရတယ်။

အဲဒိတုန်းကခြေဖျားလက်ဖျားလေးတွေအေးနေပြီးချမ်းခဲ့တဲ့အရသာလေးကိုအခုအချိန်တွေးကြည့်ရင်

လက်ဖျားလေးတွေအေးလာသလားမှတ်ရ(အဲကွန်းဖွင့်ထားလို့နေမယ်)

အော်…နှစ်ပေါင်း..နှစ်ဆယ်လောက်တောင်ကြာသွားခဲ့တယ်။

အခုလဲ….ဒီဇင်ဘာလကြီးရောက်လာပါပြီ။

ဒီအချိန်ရန်ကုန်မှာ(ဒါမှမဟုတ်)မြန်မာပြည်မှာနည်းနည်းတော့အေးနေမှာပေါ့နော်။

ချမ်းတယ်ဆိုတဲ့လေပြေလေးတွေမနက်ပိုင်းခံစားရမယ်ထင်တယ်။

မနက်ပိုင်းစောစောလေးထပြီးကိုယ့်ပါးစပ်ကအငွေ့လေးတွေထွက်အောင်လုပ်လို့ရမယ်ထင်ပါရဲ့။

စောစောစီးစီးလာရောင်းတဲ့ပဲပြုပ်ပူပူလေးကအမေပြင်ဆင်ပေးတဲ့ထမင်းကြော်လေးက

ပိုများစားကောင်းမလား။ပြေးမယ်ပြေးမယ်ပြောပြီးမနက်မထတတ်တဲ့ကျွန်တော့်ကို

သူငယ်ချင်းတွေအိမ်အောက်ထပ်ကနေခေါင်းလောင်းကြိုးလာဆွဲလို့ထလိုက်သွားဖြစ်မလား။

ဒီလထဲရောက်ရောက်လာတတ်တဲ့ကျွန်တော့်ရဲ့မွေးနေ့လေးမှာ…အဖေနဲ့အမေ့ကိုခေါ်

ဘုရားကိုသွားဖြစ်ပြီးအလှူလေးတစ်ခုခုကိုကြည်ကြည်နူးနူးလေးလုပ်ဖြစ်နေမလား….

ပြီးတော့မှသူငယ်ချင်းတွေခေါ်တခုခုလိုက်ကျွေးပြီး….နောက်မိုက်ပဲအပြိုင်ခဲဖြစ်မလား…

ဒါမှမဟုတ်တသက်လုံးမခွဲဘူးသေးတဲ့မွေးနေ့ကိတ်လေးကို…ချစ်သူလေးဘေးနားမှာထိုင်…

တိုးတိုးလေးဆုတောင်းပြီးလှီးဖြစ်မလား….ပေါ့

အော်.ဒါတွေကကျန်ခဲ့ပါပြီလေ…

အခုမှာတော့..

မပြောင်းလဲတဲ့(ဒါချည်းပဲလာလာနေတဲ့)ရာသီဥတုအောက်ရောက်ပြီး

အိပ်ရာထနေရတဲ့ကျွန်တော့်အတွက်တော့…

ကျန်းမာရေးအတွက်ထက်…အလုပ်နောက်မကျအောင်ချွေးပြိုက်ပြိုက်ထွက်တဲ့

လမ်းလျှောက်မှုပုံစံနဲ့ရုံးရောက်မှကိုယ့်ဟာကိုထဖျော်ပြီးသောက်ရတဲ့(အမြဲတမ်းသောက်နေရတဲ့)

ကော်ဖီပူပြင်းပြင်းနဲ့ခေါက်ဆွဲခေါက်တွေ….

အဲဒိရုပ်ဝတ္ထု…၊စိတ်အာသီသတွေနဲ့

မနက်နဲ့ည…ညနဲ့မနက်…တရွေ့ရွေ့နဲ့ရွေ့ခဲ့တာ…

ငါ့ခြေရာတွေစလုံးမှာသက္ကရာဇ်တစ်ကျော်ပြီပဲ

ထပ်လဲရွေ့နေရဦးမှာပဲ….ထပ်လဲလျှောက်နေရဦးမှာပါပဲ….

ငါ့မွေးနေ့လေးတွေလဲ…ငါ့ဒီဇင်ဘာတွေလည်းထပ်တွေ့ရဦးမှာပါပဲလေ…

ဘယ်တော့များမွေးနေကိတ်လေးလှီးရပါ့မလဲ…(ဒါတော့လွမ်းလို့ပါဗျာ…)

ပျော်ရွှင်စရာ…ဒီဇင်ဘာလေးတွေပိုင်ဆိုင်နိုင်ပါစေ

လေးစားစွာဖြင့်

ဏီ(န်)ကင်း