နှင်းနက်ဆံနွယ်
ရင်ထဲမှာနှင်းတွေကျနေတယ်..
ဒါပေသိအဖြူရောင်မဟုတ်ဘူး
သယံဇာတကြွယ်ဝပါတယ်ဆိုတဲ့…ငါ့ဦးနှောက်က
အသိတချက်ပျောက်တယ်…
ကြွေလွင့်ချက်တွေများမှများပါလားကွယ်။
ငါနားလည်နိုင်တာထက်သူပိုကဲပြီး..ထူးဆန်းတယ်
ပင့်သက်ရှိုက်တာကလွဲလို့ငါ့ကိုခံဝန်ထပ်မထိုးခိုင်းပါနဲ့တော့
စွဲချက်တွေအတွက်ငါ့ကိုငါပဲစာတမ်းလုပ်လိုက်ပါတယ်
အနီရောင်ကျိန်စာထုပ်ထဲမှာဘာတွေရှိမလဲငါမသိပေမယ့်
၏သည်မရွေးမြတ်နိုးမှုတွေနဲ့…
အတူတကွထိုင်ချုပ်ထားခဲ့တာ
သူငါ့ရင်ထဲကိုကိုင်လှုပ်သွားခဲ့တာ.
တကယ်ပါ
ဒီနေ့ရက်မှာငါတကယ်မရှိချင်ခဲ့ဘူး
တခုပဲ…
ပြောမပြတတ်အောင်ငါလွင့်ထွက်သွားချင်ခဲ့ဖူးတယ်
လေးစားစွာဖြင့်
ဏီ(န်)ကင်း

လွင့်ထွက်ပြေးသွားတော့ကော ပျော်နေမှာလား မောင်ရင်….
အကောင်းဆုံးကို ဆုံးဖြတ်လိုက်ပါ
လေးစားလျက်
တောင်ပေါ်သား
နှင်းတွေ ကျနေတယ် ဒါပေသည့် အဖြူရောင်မဟုတ်ဘူး
ဟယ် ငါလိုက်မမီတော့ပါလား
Cab နဲ့လိုက်မှ
စတာ၊ ကဗျာလေး ဖတ်လို့ကောင်းတယ်
ခင်မင်စွာဖြင့်
သီဟသစ်
အင်း……..တိုကိုကြီး တကယ်ခံစားနေရတဲ့ ပုံပဲ
အသိပျောက်တယ်ဆိုမှတော့ ကြွေလွင့်တာများမှာပေါ့။ ပျောက်တာများလေ လွင့်တာများလေပဲ။ နောက်ဆုံး ကိုယ်ရပ်နေတဲ့နေရာပါ ပျောက်သွားအုံးမယ်။ သတိထားပါအုံးသားလေးရေ
ဏီ(န်)ကင်းရေ ပျောက်ချက်သားကောင်းနေလို့ ဘယ်လိုဖြစ်တာလဲ
ကဗျာတွေချည်းရေးနေတယ်။ အသည်းကွဲနေသလား။
ဏီ(န်)ကင်း တခါ ရေးဖူးသလိုပဲ…လူပီသအောင် လွမ်းဖူး ခံစားဖူးပြီပေါ့…