ဒီဇင်ဘာရှိရင်းစွဲ
No Toilet Paper , No Stationery , No Chocolate !!!
ကျွန်တော်တို့ရုံးမှာအော်နေကြတာပါ။ဘာလဲဆိုတော့ခရစ်စမက်ကာလရောက်တော့မှာမို့လို့
သူတို့တွေအမှတ်တရပစ္စည်းလေးတွေလဲမယ်….။ပါဆယ်ဂိမ်းပေါ့…။
ဘာပစ္စည်းတွေဝယ်လာလို့ရတယ်၊မရဘူးဆိုတာစရင်းနောက်ရင်းအော်နေကြတာ။
ဒီအလုပ်လေးလဲလုပ်တာတစ်နှစ်တင်းတင်းပြည့်သွားပြီ။ဒီနေ့ဆိုရင်….
မနှစ်လာတုန်းကလဲသူတို့ဒီလိုပဲငြင်းခုံနေတာကိုပြုံးကြည့်နေခဲ့ဖူးတယ်။
ကိုယ်ကအစိမ်းသက်သက်ကြီးအဲဒိအချိန်တုန်းက…သူ့နာမည်ကိုယ်မသိ၊ကိုယ်နာမည်သူမခေါ်တတ်..လေ
သူတို့ကတော့အားရ၀မ်းသာကြိုဆိုပါတယ်(သူတို့ဝေစုတစ်ခုထပ်တိုးမှာကိုး)။ဒါနဲ့ပဲပစ္စည်လေးတခုနဲ့(သူငယ်ချင်းဆီကပိုက်ဆံချေးပြီး)
ဝင်နွှဲတယ်ပေါ့ဗျာ။ဒီနှစ်တော့မရတော့ဘူး…အကြံပေးရေးနဲ့မဲခွဲဆုံးဖြတ်ရေးမှာကိုယ်လဲပါတယ်…ဟဲ..ဟဲ
တကယ်ဆိုရင်တော့လိုပါသေးတယ်…၂၅ရက်မှာပိတ်မယ်ခရစ်စမက်က..ဒါကို၂၄ရက်ရောက်ရင်ပစ္စည်းလေးတွေယူလာပြီး
မဲနှိုက်လဲရမှာ…မနှစ်ကတော့ကြံကြီးစီရာကျွန်တော်Hair dryerပေါက်တယ်..ဘာလုပ်ရမှန်းမသိလို့ဒီအတိုင်းထားတာအခုထိပဲ။
ဒီဇင်ဘာလလေးကိုကြိုက်တယ်…။ဟိုးငယ်ငယ်တုန်းကရာသီတွေလတွေကိုစာမှပထမဆုံးစသင်ရတော့…ဆရာမကပြောတယ်
နွေး၊မိုးဆောင်းသုံးရာသီနဲ့ဘယ်လမှာဘာတွေရှိတယ်ပေါ့ဗျာ…ဆောင်းရာသီထဲကဒီဇင်ဘာလကိုကြိုက်တယ်သဘောတွေ့တယ်။
အဲဒိမှာပျော်စရာကောင်းတဲ့ကာလလေးချည်းပဲလေ။ရာသီဥတုအားဖြင့်လဲအေးတယ်ချမ်းတယ်။
တချို့နေရာဒေသတွေမှာဆိုနှင်းတွေတောင်တဖွဲဖွဲကျတယ်ဆိုပဲ။ရုပ်ရှင်ထဲမြင်ဖူးတာပါ။
ပထမဆုံးကြည့်ဖူးတဲ့နှင်းတွေပါတဲ့ဒီဇင်ဘာနဲ့ပက်သက်တဲ့ဇာတ်ကားလေးကိုသတိရတယ်.. Home Alone လေ။
ခရစ်စမက်မှာပြင်သစ်ကိုမိသားစုလိုက်သွားလည်တာအိမ်မှာကောင်လေးတစ်ယောက်ကျန်ခဲ့တယ်။
ဒါနဲ့ပဲသူကသူ့အိမ်လေးကိုဝင်ဖောက်ဖို့ကြိုးစားတဲ့သူခိုးနှစ်ယောက်ကိုပညာပေးထားတဲ့ဇာတ်လမ်းလေး။
ကျွန်တော်တို့ငယ်ငယ်တုန်းကအရမ်းနာမည်ကြီးတာလေ။ဇာတ်လမ်းလေးကြည့်ပြီးတော့..ခရစ်စမက်၊ဒီဇင်ဘာစတဲ့
စကားလုံးလေးတွေခေါင်းထဲစွဲနေတာပေါ့။ကျောင်းမှာသိတတ်နားလည်လာတော့ကိုယ်မွေးတဲ့လကလဲ
ဒီဇင်ဘာလလေးဖြစ်နေတော့အရမ်းပျော်နေခဲ့ဖူးတယ်။ကျောင်းတက်တုန်းကကျောင်းပိတ်ရက်၁၀ရက်ရှိတဲ့လလို့မှတ်ထားတာ..
ပျော်ဖို့ကောင်းတယ်..အဲဒိအချိန်လေးရောက်လာရင်တိုက်ခတ်လာတဲ့လေပြေလေးတွေမှာ..နှင်းနံ့လိုလိုအနံ့တစ်ခုကိုခံစားဖူးတယ်။
ငယ်ငယ်ကတောင်ကြီးမှာနေခဲ့တာပါ..အရမ်းငယ်သေးတယ်..အခုအချိန်ဘာမှမမှတ်မိတော့ပေမယ့်….
တောင်ကြီးကပညာရေးလေ့ကျင့်ရေးကျောင်းမှာဒီဇင်ဘာလကြီးချမ်းချမ်းစီးစီးဆော့ကစားခဲ့တာတွေကိုသတိရတယ်။
အဲဒိတုန်းကခြေဖျားလက်ဖျားလေးတွေအေးနေပြီးချမ်းခဲ့တဲ့အရသာလေးကိုအခုအချိန်တွေးကြည့်ရင်
လက်ဖျားလေးတွေအေးလာသလားမှတ်ရ(အဲကွန်းဖွင့်ထားလို့နေမယ်)
အော်…နှစ်ပေါင်း..နှစ်ဆယ်လောက်တောင်ကြာသွားခဲ့တယ်။
အခုလဲ….ဒီဇင်ဘာလကြီးရောက်လာပါပြီ။
ဒီအချိန်ရန်ကုန်မှာ(ဒါမှမဟုတ်)မြန်မာပြည်မှာနည်းနည်းတော့အေးနေမှာပေါ့နော်။
ချမ်းတယ်ဆိုတဲ့လေပြေလေးတွေမနက်ပိုင်းခံစားရမယ်ထင်တယ်။
မနက်ပိုင်းစောစောလေးထပြီးကိုယ့်ပါးစပ်ကအငွေ့လေးတွေထွက်အောင်လုပ်လို့ရမယ်ထင်ပါရဲ့။
စောစောစီးစီးလာရောင်းတဲ့ပဲပြုပ်ပူပူလေးကအမေပြင်ဆင်ပေးတဲ့ထမင်းကြော်လေးက
ပိုများစားကောင်းမလား။ပြေးမယ်ပြေးမယ်ပြောပြီးမနက်မထတတ်တဲ့ကျွန်တော့်ကို
သူငယ်ချင်းတွေအိမ်အောက်ထပ်ကနေခေါင်းလောင်းကြိုးလာဆွဲလို့ထလိုက်သွားဖြစ်မလား။
ဒီလထဲရောက်ရောက်လာတတ်တဲ့ကျွန်တော့်ရဲ့မွေးနေ့လေးမှာ…အဖေနဲ့အမေ့ကိုခေါ်
ဘုရားကိုသွားဖြစ်ပြီးအလှူလေးတစ်ခုခုကိုကြည်ကြည်နူးနူးလေးလုပ်ဖြစ်နေမလား….
ပြီးတော့မှသူငယ်ချင်းတွေခေါ်တခုခုလိုက်ကျွေးပြီး….နောက်မိုက်ပဲအပြိုင်ခဲဖြစ်မလား…
ဒါမှမဟုတ်တသက်လုံးမခွဲဘူးသေးတဲ့မွေးနေ့ကိတ်လေးကို…ချစ်သူလေးဘေးနားမှာထိုင်…
တိုးတိုးလေးဆုတောင်းပြီးလှီးဖြစ်မလား….ပေါ့
အော်.ဒါတွေကကျန်ခဲ့ပါပြီလေ…
အခုမှာတော့..
မပြောင်းလဲတဲ့(ဒါချည်းပဲလာလာနေတဲ့)ရာသီဥတုအောက်ရောက်ပြီး
အိပ်ရာထနေရတဲ့ကျွန်တော့်အတွက်တော့…
ကျန်းမာရေးအတွက်ထက်…အလုပ်နောက်မကျအောင်ချွေးပြိုက်ပြိုက်ထွက်တဲ့
လမ်းလျှောက်မှုပုံစံနဲ့ရုံးရောက်မှကိုယ့်ဟာကိုထဖျော်ပြီးသောက်ရတဲ့(အမြဲတမ်းသောက်နေရတဲ့)
ကော်ဖီပူပြင်းပြင်းနဲ့ခေါက်ဆွဲခေါက်တွေ….
အဲဒိရုပ်ဝတ္ထု…၊စိတ်အာသီသတွေနဲ့
မနက်နဲ့ည…ညနဲ့မနက်…တရွေ့ရွေ့နဲ့ရွေ့ခဲ့တာ…
ငါ့ခြေရာတွေစလုံးမှာသက္ကရာဇ်တစ်ကျော်ပြီပဲ
ထပ်လဲရွေ့နေရဦးမှာပဲ….ထပ်လဲလျှောက်နေရဦးမှာပါပဲ….
ငါ့မွေးနေ့လေးတွေလဲ…ငါ့ဒီဇင်ဘာတွေလည်းထပ်တွေ့ရဦးမှာပါပဲလေ…
ဘယ်တော့များမွေးနေကိတ်လေးလှီးရပါ့မလဲ…(ဒါတော့လွမ်းလို့ပါဗျာ…)
ပျော်ရွှင်စရာ…ဒီဇင်ဘာလေးတွေပိုင်ဆိုင်နိုင်ပါစေ
လေးစားစွာဖြင့်
ဏီ(န်)ကင်း

Happy Birthday, Neking!
ကဲ ဆုတောင်းပြီးပြီ။ ကျွေးလို့ရပြီ။
သဒ္ဓါသလောက်ပေါ့ ညီရာ။ (လေပြေထိုးကြည့်သည်)
Sweet December and Happy Birthday !!!
တစ်ယောက်တည်း ဖြစ်နေလို့စိတ်မညစ်ပါနဲ့… ပျော်ရွှင်စရာမွေးနေ့တွေ ပိုင်ဆိုင်ရပါစေလို့.. ဆုတောင်းပေးပါတယ်..
မွေးနေ့ရှိတယ်ဆိုတာသိတယ်…
မွေးနေ့မှာ မစားရရင်ဖဲ့မယ်… အပီအပြင် ဖဲ့မယ်… ဖွလဲဖွမယ်…
home alone ကြိုက်တယ်… ခရစ်စမတ်လက်ဆောင်တော့လိုချင်တယ်.. အကျီလှလှတစ်ထည်
မွေးနေ့ မှာကျွေးတဲ့နေ့ကျမှ ဆုတောင်းပေးမယ်..
ချစ်တဲ့
ဖိုးစိန်
အယ်…ကောလဟာလတွေများတယ်ပျံ့နှံ့လွယ်ပါလားကွယ်ရို့…။
ဘယ်ကမွေးနေရမှာလဲဒီနေ့က
ကျွန်တော့်မွေးနေ့ကနောက်၎ရက်နေမှခင်ဗျ….
(အဲ…တိုက်ဆိုင်တာကတော့ဒီမွေးနေ့ရှင်လေးကတော့ကျွန်တော့်ချစ်သူပဲ…ဟီးဟီး)
မွေးနေ့ရောက်ရင်လာကြနော်…..ဖိတ်လိုက်ပါတယ်….
Happy Birthday !!!!
အရေးထဲကြွားနေသေးး မွေးနေ့ရှင်ရယ်။
{ ဘယ်တော့များမွေးနေကိတ်လေးလှီးရပါ့မလဲ…(ဒါတော့လွမ်းလို့ပါဗျာ…) }
ညနေလှီးချင်လဲရတယ် နောက်လေးရက်နေမှလဲရတယ်
တို့တွေ အယူမသီးတတ်ပါဘူးကွယ်။
ကောလဟာလ ဆိုပြီး သိနေတဲ့ သူတွေ ကို အမှန်ကတော့ ပေါ်တင်ကြီး ကြွားချင်လို့ပါပဲ ရှင်..ဘာပဲ ဖြစ်ဖြစ် ချစ်တူရဲ့ မွေးနေ့ လေးမှာလဲ ပျော်ရွှင်ပါစေ…ဒီဇင်ဘာလို အေးချမ်းပါစေ..
ဒါလည်း ဒီဇင်ဘာအလွမ်း တစ်ယောက်ဟ။
ဒေါ်ပြာပြာ ပြောသလို ပေါ်တင်လည်းကြွားသကွာ
အကိုနဲ့ အကိုချစ်သူက တလထဲတူတူမွေးတာကိုး ပျော်စရာကြီး နှစ်ယောက်စလုံးပျော်ရွှင်ချမ်းမြေ့တဲ့ မွေးနေ့လေးမှသည်
နောင်နှစ်ပေါင်းတိုင်အောင် ချစ်ကြည်နူးနိုင်ကြပါစေ
ခင်မင်စွာဖြင့်
အကီနို
ချစ်သူမလေးအတွက်(Happy Birthday)
တစ်ယောက်တည်းနေပေမယ့် အလုပ်တွေ ဒလပ်စပ်နဲ့ဆိုတော့
ပျော်စရာပဲနော်- ကော်ဖီပူပူလည်း သောက်ချိန်ရှိတယ်(စလုံးမှာ သက္ကရာဇ်တွေ ဘယ်လောက် ထပ်ကျော်ဦးမှာလည်း)
Diary လည်း နှင်းတွေကျချိန်မှာမွေးတာလေ။ home Alone ဇာတ်ကားကို ကြိုက်တယ်။ မွေးနေ့ကျရင် ဘာဧည့်ခံမှာလည်း
Mydiary
home alone ကတော့ ကြိုက်မှ ကြိုက်ပဲ။ ဒီဇင်ဘာမှာ ငယ်ငယ်တုန်းက ကျောင်းပိတ်ရက်တအားများလို့ မျှော်တာပေါ့နော်။ အေးအေးနဲ့ အိပ်ရာထဲက မထချင်တာလဲ အရသာတမျိုးပဲ။ ဆောင်းရာသီဆို သဘောကျပြီးသား။။
ကီကင်း ချစ်သူမလေးရေ ပျော်ရွှင်ဖွယ်မွေးနေ့လေးပါ။
ဒီဇင်ဘာမောင်နှံဖြစ်မှာပေါ့

ငါတို့ အကုန်လုံး အယူမသီးတတ်ဘူး
ကျွေးချင်ရင် နောက်နှစ်စာအတွက်ပါ ကြိုပြီးကျွေးချင်လည်းရဒယ်
ပျော်ရွှင်ဖွယ်နေ့ရက်များပိုင်ဆိုင်ပါစေး)
မွေးနေ့ဆိုလို့ဝါးတီးများလားလို့ ဟိုလိုလိုဒီလိုလိုလျောချသွားတာပေါ့လေ
ဒီဇင်ဘာလကို လူတော်တော်များများ ကြိုက်ကြတယ်။
ကျနော်လည်း ချမ်းအေးတဲ့ လတွေကို သဘောကျမိတယ်
ကောလဟာလတွေ ကောဇာသက္ကရဇ်တွေ လာပြောမနေနဲ့ မသိဘူး.. ဒါဆို ဒါပဲ..
အကြိုက်ချင်း တူနေပါရောလား.. မဖြစ်ပါဘူး နှစ်ယောက် အတူသွားလို့ပေါ့..းP
နှင်းတွေ တဖွဲဖွဲ ကျနေတဲ့ ဟေမာန်ကာလ ညချမ်းချိန်ခါမှာပေါ့.. ကိုယ်က ဘီးလေးကိုနင်းပြီး ချစ်သူလေးက နောက်ကနေထိုင် ခါးကိုဖက်ပြီး နင်းနေလိုက်တာများ.. ဟေ ဟးးးး ဟောဒီကမ္ဘာကြီးထဲမှာ ကိုယ်နှစ်ယောက်ထည်း ရှိတယ် ထင်ရတယ်.. အဟိအဟိ
တိုက်ဆိုင်မှု ရှိရင် ခွင့်လွတ်နော်.. ဘူကိုမှ ရည်ရွယ်ဘူး… ရမ်းပြော.. ရမ်းတွေး.. ရမ်းရေးကြည့်တာ.. ခိခိ..း)