ဇန်န၀ါရီ..၂၇
ကောင်မလေး
မင်းဟာခမ်းခမ်းနားနားကြီးလွမ်းမပြတတ်ပါဘူး
ကျေနပ်တယ်လို့ဟန်ဆောင်မပြောတတ်ပါဘူး
တိတ်ဆိတ်မှုတွေနဲ့သာ..ပြိုလဲနေမယ့်..
နတ်သမီးနုနုလေးပေါ့
ငါ့ကောင်းကင်ကြွေချိန်…မင်းနဲ့တွေ့ဆုံတယ်..
သိနေရက်နဲ့ထိခိုက်မိနေတတ်တယ်..
မျက်ရည်တွေကကောင်းကင်ကရွာသွန်းတာလား
မြေပြင်အငွေ့ပျံလာတာလား..မသိ
ဒါပေမယ့်.ဘာပဲဖြစ်ဖြစ်
မနာကျင်စေချင်ဘူးကွယ်
စကားမစပ်…ငါမက်မောတွယ်တာခဲ့တာ.
မင်းအပြုံးလေးတွေပေါ့
ခပ်ဖွဖွလေးပြန်လာနမ်းလှည့်ပါ..
ငါ့ရင်ဘတ်ဟင်းလင်းကြီးမှာ…ခင်းကျင်းပြီးပြထားတာ…
ခပ်ပြင်းပြင်းဝိုင်ချိုတခွက်..
အမူးတော့မရ..သူကရီဝေေ၀ရယ်..
ကြုံရာကျပန်းသိက္ခာဆိုတာ..ငါအခုစီးစီးဖြစ်နေတဲ့ဖိနပ်တရံပါပဲ
……………………………………………………………………………………………………
လေးစားစွာဖြင့်
ဏီ(န်)ကင်း

သိက္ခာဆိုတာ ငါအခုစီးနေတဲ့ ဖိနပ်လေးတရံပါပဲး)
တဖြည်းဖြည်း လျှော့ပါးလာနေတယ်ပေါ့………. သံဖိနပ် စီးးးး
လေးစားလျက်
တောင်ပေါ်သား
27 ဆိုတော့ ဒီကနေ့ပေါ့ ..
း)))
မရောက်တာကြာပြီ….သတိတော့ရပါတယ် …၂၇ ရက်နေ့ အလွမ်းပေါက်ကွဲသံစဉ်လေး လာဖတ်သွားတယ်…
kg ma lay so bae,,
blog မလည်တာကြာလို့ လာလည်တာ… Jan 27 ကို Jan 31 မှ လာဖတ်သွားပါကြောင်း…
ကင်း ရေ… စကားမစပ် ဘာဖိနပ်စီးလဲဟင်…
ကြုံရာကျပန်းသိက္ခာဆိုတာ..ငါအခုစီးစီးဖြစ်နေတဲ့ဖိနပ်တရံပါပဲ
အဲဒီစာသားမိုက်တယ်…
း)….. ပြန်လာနမ်းလှည့်ပါတဲ့… အပိုင်ပဲ… ဟီးဟီး
ခင်မင်တဲ့
ဂျပန်ကောင်လေး
ကိုတောင်ပေါ်ကတော့ သံဖိနပ်စီးခိုင်းနေဘီ…
နင်သံဖိနပ်စီးတဲ့နေ့ ငါ နင့်ကိုမခေါ်တော့ဘူး…
စိတ်မထင် ဖိနပ်နဲ့ ကောက်ပေါက်နေမှ… ငါဂွိနေမယ် =)
သယ်ရင်းးး
ကဗျာလေးက မိုက်တယ်ကွယ်… =)