သွားသင့်သည်

ခရီးရဲ့အစမှာ..ဘယ်လိုလိုက်ကာတွေချထားမှန်း

ငါတို့မသိဘူး.သေချာတာကပျော်တယ်

နေရာ၊အချိန်၊ရာသီပြောင်းလဲမှုတွေက.ငံ့လင့်ကြိုဆိုပါတယ်

အသွားမတော်တာတွေခဏလေးဖြစ်ဖြစ်မေ့လိုက်.

၉ယောက်ဖြစ်နေရင်မောင်ကျောက်ခဲကိုပါခေါ်လိုက်.

တဆစ်ချင်းချိုးချနေတယ်.မာယာတွေမပါဘူး.ဒါပေသိ.မတ်စောက်တယ်

ကြောက်စရာကအမှန်မှာမရှိဘူး.အေးစက်စက်နဲ့မို့.မသိစိတ်ကရွံ့နေတာ

သေချာချင်ရင်တော့ကိုယ်တိုင်သွားထိုင်နေမှရမယ့်.နေရာတစ်နေရာ

လောကကြီးဘယ်လောက်ကျယ်ကျယ်.ကျောတခင်းစာပဲငါတို့နဲ့သက်ဆိုင်တယ်

အထိအတွေ့တွေကရင်းနှီးပါတယ်.”အယ်….သူတို့ပြောနေတာငါသိတဲ့စကားပဲ”

ပေါ့ကျလေးတစ်ခွက်နဲ့ငါတို့မနက်ဖြစ်ခဲ့တယ်

အလှူခံသူတွေစိတ်ညစ်နေမှာလား.မသိဘူး.ငါတို့မသိကျိုးကျွန်တွေပြုလို့လေ.

တတ်နိုင်ဘူး.ရည်မှန်းချက်တနေရာအတွက်ကြားမှာ.ဖြုန်းတီးမှုတွေကို

ငါတို့မလိုလားဘူး…

တည်နေရာမှာအေးချမ်းတယ်.ဒီနေရာမှာငြိမ်းချမ်းတယ်.

ငါတို့အမြဲသာဘာဝနာပွားနိုင်ရင်ကောင်းရဲ့

အပန်းဖြေနိုင်တယ်.အဆန်းတွေတွေ့နိုင်တယ်.

ဟောဒီမှာဆတ်၊ချေ၊တောကြောင်၊ယုန်

အကုန်သာကြည့်.ရဲရင်တော့စား…ဟောဟိုနားက.

အမကြီးဆေးအလကားလိမ်းသွားပါလား“…တဲ့

တောင်အမြင့်ကြီးမှာလဲမာနတွေနဲ့ပါလား.

ဒဏ်ရာတွေလည်းအလိမ်းလိမ်း.လူတွေစည်းကမ်းမရှိကြဘူး

ပလပ်စတစ်အမှိုက်တွေများများလာတယ်

စကားမစပ်ပြောရရင်တော့.ဖုန်ထူ၊နေပူ၊ရေဆာတယ်

နှာသီးဝထိတဲ့လေသာမအေးမြရင်.အပန်းတွေကြီးကုန်တော့မယ်..

ဖြတ်ကျော်တယ်ဆိုတာထက်..(မရိုမသေ)..*င်ကုန်းသာတက်ကြရပါတယ်.

မောတယ်၊ပန်းတယ်၊လန်းတယ်၊ဆန်းတယ်…

ရိုက်ပါဟဲ့…ချိန်ပါဟဲ့..နေ၀င်တာတွေမသိလောက်အောင်ပေါ့

အချိန်ပေါင်းနာရီတွေတော်တော်များခဲ့တယ်…ဒါပေမယ့်

ငါတို့မလုံလောက်ဘူးလား…

ကြွားတ၀ံ့ဝံ့နဲ့ပြောခဲ့တယ်…တောင်ကိုးလုံးအဆုံးကိုသာဖြိုမယ်တဲ့

တကယ်တမ်းရေတံခွန်တကြောတောင်.မစဉ်းစားရဲခဲ့ဘူး

ဟိုး၁၀နှစ်လောက်က၀ါးကိရိယာတွေကိုတော့အလွမ်းသား

မချစ်ရင်ပစ်မယ်.ယောက္ခမကြီးကိုဖြိုမယ်..ဘာညာပေါ့..

အားလုံးကအပြန်လက်ဆောင်တွေ.ယိုစုံတွေလည်းပါရဲ့

ဒီတခေါက်တော့..

တောင်ဝှေးတလက်တောင်မထိတွေ့လိုက်ရပါဘူး

အော်.လူကြီးတွေဖူးနိုင်ကြပြီ..ဘေးဘီကြည့်ပြီး

မကြောက်တတ်.သွေးမတက်ကြဘူးဆိုရင်ပေါ့လေ

ရဟတ်ယာဉ်ကွင်းတွေလဲအခန့်သားခင်ဗျ.

အပြန်လား….သွားလမ်းသာလို့ပြန်လမ်းသန့်ပါတယ်.

မှဲ့ရှင်ဘုရားနဲ့ရွှေမော်ဓောစေတီတောင်ကြည်ညိုခွင့်ထပ်ရတယ်

လွမ်းသလားမမေးပါနဲ့..အချိန်တန်တော့လဲအိမ်ပြန်ရောက်ကြစမြဲပဲလေ

ဒါပေသိ.ငါကကိုပိုလွန်ကျူးရတာပါ.သူငယ်ချင်းတို့ရေ

အဝေးကြီးပါ.မိုင်ပေါင်းက တစ်ထောင့်နဲ့နှစ်ရာ

ကဲပါ…

အတ္တတွေနဲ့မာနတွေကိုခဏလောက်မေ့လိုက်ကြရအောင်.

တည်မြဲတဲ့သံယောဇဉ်တွေနဲ့မေတ္တာများများထားကြည့်ပါ

ငြိမ်းချမ်းမှုလေးတွေနဲ့ပျော်ရွှင်မှုတွေရှိပါလိမ့်မယ်

ငါတို့တခါအို၊နာ၊သေရဦးမယ်လေ.

ဖြစ်နိုင်ရင်တော့…

နောက်တစ်ခေါက်သံသရာလေး.ဒီနားကိုထပ်လည်ပါဦး…လို့

ဏီ(န်)ကင်း (ကျိုက်ထီးရိုးအမှတ်တရ)

လင်းခေးသို့အ၀င်

တေးသံရှင်ကိုဘိုဖြူဆိုထားတဲ့သီချင်းလေးပါ။ပထမဦးဆုံးနားထောင်မိလိုက်တဲ့အချိန်ကစပြီးတသသနဲ့

နားထောင်တိုင်းမ၀တဲ့သီချင်းလေးပါ။သံစဉ်အေးအေးလေးနဲ့ဝင်ပြီးဂရုဏာသံအပြည့်နဲ့အဆိုရှင်ကိုဘိုဖြူက

သီဆိုပေးထားတာပါ။ကိုယ်ပိုင်သံစဉ်ပါပဲ။သီချင်းအကြောင်းအရာလေးကတော့..နယ်ဝေးတနေရာကနေပြီး

မိမိရဲ့မွေးရပ်ဇာတိကိုပြန်လာသူတစ်ယောက်ရဲ့မွေးရပ်မြေပြန်တဲ့အခါတွေကြုံခံစားမှုကိုဖော်ဆောင်ထားပါတယ်။

တောင်စဉ်တောင်တန်း(ရှမ်းပြည်ပေါ့ဗျာ)တွေရဲ့အငွေ့အသက်တွေနဲ့မွေးရပ်မြေကအပေါင်းအသင်းရောင်းရင်းတွေ

နဲ့တွေ့ဆုံပျော်ပါးကြတယ်ပေါ့ဗျာ.။ကျွန်တော်ရေးထားတာတွေကိုပဲဖတ်လို့ကတော့သီချင်းရဲ့အနှစ်ကိုကိုင်ဆုပ်မိမယ်မထင်ဘူး။

ရသပေါ်လွင်အောင်လဲမရေးသားမစွမ်းဆောင်နိုင်ပါဘူး။ဒီတော့သီချင်းလေးကိုသာနားထောင်လိုက်ပါနော်။ညာဘက်က

Play list ရဲ့ပထမဆုံးအပုဒ်မှာထည့်ပေးထားပါတယ်။ Play Buttonလေးနှိပ်ပြီးနားထောင်ပါဗျာ။

……………………………………………………………………………………………………………………………………….

သိပ်မကြာခင်မှာကျွန်တော်အိမ်ခဏပြန်ရမယ်။တစ်နှစ်ကျော်လောက်ဝေးနေခဲ့တဲ့ကျွန်တော့်အိမ်ကို

အလည်တစ်ခေါက်လောက်ပြန်ရမှာပါ။အိမ်နဲ့လည်းတသက်လုံးဒီလောက်ကြာကြာအဝေးမှာမခွဲဖူး၊မနေဖူးပါဘူး။

ကျွန်တော်ကငယ်ငယ်ကတည်းကအိမ်မကပ်တဲ့လူဆိုတော့အိမ်နဲ့ဝေးနေချိန်မှာအိမ်ကိုလွမ်းတာတွေကတော့နည်းပါတယ်။

ဒါပေမယ့်ပြန်ရတော့မယ်၊ပြန်မယ့်အခွင့်အရေးလေးတွေရချိန်မှာတော့အရမ်းပြန်ချင်နေမိတယ်။သူငယ်ချင်းအပေါင်းအသင်းတွေ

အိမ်ပြန်ချိန်တွေကိုခဏခဏလိုက်ပို့ခဲ့ဖူးတယ်။ဒီတခါတော့အဲဒိအတွေ့အကြုံကိုကိုယ်တိုင်ခံစားတော့မယ်။ပျော်စရာပါပဲ။

အိမ်ပြန်နေချိန်တွေဒီဘလောက်လေးကိုခဏခွဲထားရမှာပါပဲ..။ဟိုမှာက၀င်ဖြစ်မယ်မထင်ဘူး..။လာလည်သူအပေါင်းကိုလည်း

တောင်းပန်ပါတယ်။ပြန်လာမှအိမ်အပြန်အတွေ့အကြုံလေးတွေကိုဖောက်သည်ချပါ့မယ်….

စကားမစပ်ဟိုမှာဘာတွေလုပ်သင့်တယ်၊ဘယ်တွေသွားသင့်တယ်၊ဘာတွေစားသင့်တယ်ဆိုတာညီအစ်ကိုမောင်နှမတွေအနေနဲ့

အကြံပေးစေချင်တယ်။ကျွန်တော့်ခေါင်းထဲဝမ်းသာပြီးဘာမှစဉ်းစားမရဘူးဖြစ်နေတယ်။လောလောဆယ်ကျိုက်ထီးရိုးဘုရားဖူး

သွားဖို့စီစဉ်ထားပါတယ်။တခြားလုပ်သင့်တဲ့ကိစ္စလေးတွေကိုလမ်းညွှန်ပေးပါဦးခင်ဗျာ…

ဏီ(န်)ကင်း

ဒီလိုပါပဲ

ပြီးရင်ဒါလေးကိုနားထောင်ပါ။

…………

…………….

…………………….

ဘေးမှာသီချင်းတွေupdateလုပ်ထားပါသေးတယ်။

အားပေးသွားပါဦး။

Auto Playကိုတော့ခဏဖြုတ်ထားတယ်နော်။

……………………………………………………………………………

……………………………………………………………………………

……………………………………………………………………………

……………………………………………………………………………

အော်…..(စကားမစပ်ကျွန်တော်အသဲမကွဲပါဘူး)

……………………………………………………………………………

လေးစားစွာဖြင့်

ဏီ(န်)ကင်း

ဇန်န၀ါရီ..၂၇

ကောင်မလေး

မင်းဟာခမ်းခမ်းနားနားကြီးလွမ်းမပြတတ်ပါဘူး

ကျေနပ်တယ်လို့ဟန်ဆောင်မပြောတတ်ပါဘူး

တိတ်ဆိတ်မှုတွေနဲ့သာ..ပြိုလဲနေမယ့်..

နတ်သမီးနုနုလေးပေါ့

ငါ့ကောင်းကင်ကြွေချိန်…မင်းနဲ့တွေ့ဆုံတယ်..

သိနေရက်နဲ့ထိခိုက်မိနေတတ်တယ်..

မျက်ရည်တွေကကောင်းကင်ကရွာသွန်းတာလား

မြေပြင်အငွေ့ပျံလာတာလား..မသိ

ဒါပေမယ့်.ဘာပဲဖြစ်ဖြစ်

မနာကျင်စေချင်ဘူးကွယ်

စကားမစပ်…ငါမက်မောတွယ်တာခဲ့တာ.

မင်းအပြုံးလေးတွေပေါ့

ခပ်ဖွဖွလေးပြန်လာနမ်းလှည့်ပါ..

ငါ့ရင်ဘတ်ဟင်းလင်းကြီးမှာ…ခင်းကျင်းပြီးပြထားတာ…

ခပ်ပြင်းပြင်းဝိုင်ချိုတခွက်..

အမူးတော့မရ..သူကရီဝေေ၀ရယ်..

ကြုံရာကျပန်းသိက္ခာဆိုတာ..ငါအခုစီးစီးဖြစ်နေတဲ့ဖိနပ်တရံပါပဲ

……………………………………………………………………………………………………

လေးစားစွာဖြင့်

ဏီ(န်)ကင်း

နှင်းနက်ဆံနွယ်

ရင်ထဲမှာနှင်းတွေကျနေတယ်..

ဒါပေသိအဖြူရောင်မဟုတ်ဘူး

သယံဇာတကြွယ်ဝပါတယ်ဆိုတဲ့…ငါ့ဦးနှောက်က

အသိတချက်ပျောက်တယ်…

ကြွေလွင့်ချက်တွေများမှများပါလားကွယ်။

ငါနားလည်နိုင်တာထက်သူပိုကဲပြီး..ထူးဆန်းတယ်

ပင့်သက်ရှိုက်တာကလွဲလို့ငါ့ကိုခံဝန်ထပ်မထိုးခိုင်းပါနဲ့တော့

စွဲချက်တွေအတွက်ငါ့ကိုငါပဲစာတမ်းလုပ်လိုက်ပါတယ်

အနီရောင်ကျိန်စာထုပ်ထဲမှာဘာတွေရှိမလဲငါမသိပေမယ့်

၏သည်မရွေးမြတ်နိုးမှုတွေနဲ့…

အတူတကွထိုင်ချုပ်ထားခဲ့တာ

သူငါ့ရင်ထဲကိုကိုင်လှုပ်သွားခဲ့တာ.

တကယ်ပါ

ဒီနေ့ရက်မှာငါတကယ်မရှိချင်ခဲ့ဘူး

တခုပဲ…

ပြောမပြတတ်အောင်ငါလွင့်ထွက်သွားချင်ခဲ့ဖူးတယ်

လေးစားစွာဖြင့်

ဏီ(န်)ကင်း

အလေ့ကျပေါက်ပင်

ငါဟာအလေ့ကျပေါက်ပင်ပေါ့…

နေရာဒေသနဲ့ပတ်ဝန်းကျင်မရွေး

အချိန်အခါနဲ့ရာသီမရွေး.ငါရှင်သန်နိုင်ပါတယ်

ဒါပေသိ.ငါဟာ

ယိုင်နဲ့မှု၊အားငယ်မှုတွေနဲ့ပါ၊စိတ်ပျက်ခါးသက်မှုတွေရောပေါ့

ကိုယ်မနှစ်သက်.လက်မခံခဲ့ပေမဲ့လည်း

နေသားတကျဆိုတာကြီးနဲ့ပျော်မွေ့နေသူ

မလိုချင်လို့ပစ်ချထားခဲ့တဲ့.ယိုဖိတ်မှုတွေအောက်ဓားစားခံအဖြစ်နဲ့

နေရာ၊ကျရာမှာပျော်နေတတ်သူ

ပိုင်ဆိုင်ခြင်းဆိုတာဘာလဲငါမသိဘူး

လိုက်ဖက်ညီခြင်းဆိုတဲ့စကားလုံးငါ့အတွက်မဟုတ်ဘူး

ငါဟာ.

အခိုက်အတန့်တစ်ခုစာအတွက်ပဲမောက်မာကြွားဝါခွင့်ရှိနေသူ

ခြစားနေတဲ့ငါ့ရဲ့မွေးရာပါမာနတွေကို

အရောင်တွေချွတ်ချွတ်ကြည့်နေမိတာ.

ငတ်မွတ်မှုတွေလောက်တောင်သူတို့…တန်ဖိုးမရှိ.အသုံးမကျတော့ဘူးလေ

ငါ့နွေတွေကတခြားသူတွေထက်ပိုပူလောင်ခဲ့လည်း

တမိုးလုံးချုံးချုံးချပြိုလဲသွားတာတောင်..ငါတုံနိဘာဝေလုပ်တတ်ခဲ့လည်း

အသည်းကွဲရာသီတွေအထပ်ထပ်ပေးဆပ်ကာဖြတ်ကျော်ခဲ့လည်း….

တကယ်တော့…ငါဟာအလေ့ကျပေါက်ပင်……..တစ်ပင်ပါပဲ

……………………..

……………………..

လေးစားစွာဖြင့်

ဏီ(န်)ကင်း

အသည်းကိုခွဲမယ့်ကဗျာများ

တကယ်ဆိုခံစားတတ်တဲ့လူတွေပါပဲ။ပျော်သူတွေရွှင်မြူးသလို၊၀မ်းနည်းသူတွေငိုကြွေးနေတယ်။

သတိတရရှိတယ်တဲ့…။ငါကျေနပ်ပါတယ်။ပျင်းရိခြင်းအကြောင်းတွေကငါ့ကိုစာမရေးချင်အောင်ဖြစ်နေတယ်။

အခြားအကြောင်းအချို့ချို့လဲပါမယ်ပေါ့လေ။ရင်ထဲမှာဖြစ်တည်မှုတွေနဲ့..ကျရောက်ပေါက်ဖွားလာတဲ့စကားလုံးတိုင်းက

ငါ့အတွက်တန်ဖိုးကြီးအမှတ်တရတွေပါပဲ။ကဗျာဆိုတဲ့အတိုင်းအတာတွေကိုမသိပါဘူး။စည်းစနစ်နမူနာတွေကိုမတတ်ပါဘူး။

ရင်ထဲကဒီအတိုင်းရောက်ရောက်လာတဲ့အကြမ်းထည်ကိုဒီအတိုင်ငါချပြလိုက်ပါတယ်။ခံစားတတ်ပါစေ…..

အသည်းကွဲစွာဖြင့်…..

…………………………………………………………………………………….

Read the rest of this entry »

←Older